Friday, September 30, 2011

ကဗျာများ

တောက်ပန်း

ပိတောက်ပန်း မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာ ဆာဝေေ၀နဲ့ သူလည်းလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ် …။ တသိန်တင့်ပါဘိ တိမ်မြင့် ရီပြာပြာက ကြည်သာသာပင့်လေအဖြူးတွင်ဖြင့် တီတာတာပွင့်ရွှေဖူးငယ်တို့ လည်ယှက်ကာ...
အပြည့်အစုံဖတ်ရန်...

မွေးရပ်မြေရဲ့ အကြောင်း

မွေးရပ်မြေရဲ့ အကြောင်း (ကောင်းကင်ကို)ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေကူပါ ကယ်ပါတကြော်ကြော်အော်နေရတဲ့ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ ခင်ဗျားတို့နားထဲကို သံရည်ပူ လောင်းပါရစေ ။ဆရာဝန်တွေက ဆေးရောင်းအင်ဂျင်နီယာတွေကဈေးရောင်းတော်သူတွေအကုန် ဘေးဂျောင်းလူငယ်တွေ အကုန် အတွေးစောင်းခွင်ရှာနိုင်မှသူဌေးလောင်း ဖြစ်နိုင်မယ်။အစိုးရကအစ သူခိုးဓားပြ တွေဆိုပေါင်းစားတတ်ရင်တော့မိုးကျရွှေကိုယ်တိုင်းပြည်တစ်ခုလုံး...
အပြည့်အစုံဖတ်ရန်...

ပိတောက်လွမ်းချင်း

ခေါက်ရိုးကျိုးမဲပြာပုဆိုးနဲ့တစ်စစီကျိုးပဲ့ခဲ့တာတောင်ကိုယ့်ကိုယ်ကိုမသိယောင်ဆောင်နေခဲ့သေးတယ်...။အရောတ၀င်မရှိခဲ့ပေမယ့်ထားခဲ့တဲ့ကတိတစ်ခုလိုရွှေအိုရောင်နေ့ရက်တွေကိုကန့်သတ်မဲ့လွမ်းပြနေပုံကအရိုးပြိုင်းပြိုင်းကိုထလို့...။ ...
အပြည့်အစုံဖတ်ရန်...

ကျနော်ဘ၀ဇာတ်ကြောင်း

တောသားကျနော် မြို့ကြီးပေါ်သုံးနှစ်ကျော်ကျော်နေခဲ့သည်..။ဘွတ်ဘက်ရွှတ်ရှက် သင်တန်းတက်ဖောရိန်းထွက်ဖို့ကြိုးစားသည်..။ဖောရိန်းရောက်လာ ယောင်ချာချာသေချာငေးမောသည်..။သုံးလအကျော် လေးလသော်တော်တော်လူရည်လည်လာသည်..။ဖားရိုက် ငါးကြိုက် ရွှေကိုလိုက်အမိုက်ဇာတ်တွေခင်းတော့သည်..။ငါးနှစ်ပြည့်ခါ အိမ်ပြန်လာဗလာနတ္ထိ မရှိပြီ..။ ;D ;D ;Dမှတ်ချက်။ ။ဟာသဖောက်၍ကောက်ရေးလိုက်သည် ...
အပြည့်အစုံဖတ်ရန်...

ဖယောင်းတိုင်

ကြည့်စမ်း ရှိစုမဲ့စု တစ်ခုတည်းသောကျစ်ဆံမြီးလေးကို ဖြည်းဖြည်းနဲ့မှန်မှန် ကျွမ်းလောင်ခံဖို့အတွက် မီးတောက်ကိုခေါင်းပေါ်ရွက်ထားတယ်……။ အတ္တတွေစေးထန်းနေတဲ့ တဏှာအမှောင်ခန်းထဲက ဟန်ဆောင်ကောင်းတဲ့ လောဘသားကောင်တွေအတွက် ရယူလိုခြင်း တစ်စက်မှမရှိပဲ ကိုယ့်ကိုယ်ကို...
အပြည့်အစုံဖတ်ရန်...

ချစ်သူထံသို့ အိတ်ဖွင့်ပေးစာ

(၁) လွမ်းတယ်ချစ်သူရယ်………ငါ..နင့်ကိုသိပ်လွမ်းတယ်….အိပ်မရတဲ့ ညအသင်္ချေတွေမှာ ငါ့အိပ်ယာတွေ တွန့်ကြေ…. ငါငိုနေရပြီ…. ငါ့နှလုံးသားရဲ့ငိုရှိုက်သံက လှိုက်သံတွေနဲ့အက်ကွဲနေတော့…နင်သဲသဲကွဲကွဲကြားနိုင်မယ်မထင်ဘူး….ကြယ်လေးတွေကိုမေးကြည့်ပါ..ငါငိုနေတာသူတို့အသိဆုံးပါ….ငါ့ငိုချင်းမှာ..တင်းမခံနိုင်တဲ့ကြယ်လေးတွေကြွေကျကုန်ပြီ..ချစ်သူ….ကြယ်တွေဘယ်လိုကြွေကြွေ..ဘယ် ကြယ်တွေဘယ်လိုလှလှ..ငါ့ဘ၀ရဲ့လမင်းဟာ..နင်ပါ..လရောင်မဖျန်းလို့မပွင့်လန်းနိုင်တဲ့ကုမုဒြာဟာ…ငါ့နှလုံးသားပါ….အဲဒီနှလုံးသားဟာ…ခုတော့…..မိုးရေတစ်စက်အတွက်...
အပြည့်အစုံဖတ်ရန်...

လွမ်းလို့ သေသွားတဲ့ သစ်ပင်

ကိုယ့်ဘာသာကို မိုးလင်းရကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။မတောက်ပချင်ပါဘူးကွယ်ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။ကြာ...လိုက်...တာ... ...အလင်းတွေ အသက်ရှူနေလိုက်ပုံက(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့နောက်ကျခဲ့ပြန်ရော...။ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့မင်းရဲ့ အမည်နာမကိုတမ်းတမ်းတတ ရေရွတ်တယ်...။ဖွတ်ထွက်တာတောင်မှတောင်ပို့မှန်း...
အပြည့်အစုံဖတ်ရန်...

စိုမှာစိုးလို့ မိုးမိတယ်

ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့. . .(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်းအိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့.... “ရွာသူ”ရေရင်ခုန်သံတွေကို “ခေါစာပစ်” လိုက်တယ်......သခင်မ.....ပျော်ပါ...၊ ပါးပါ...၊ စားပါ...၊ သောက်ပါ...မရိုမသေ တမ်းတမိတဲ့ဟောဒီက အမိုက်အမဲကိုလည်း အပြစ်က လွှတ်တော်မှုပါ....။မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့အကြည့်လက်လက်တွေကိုလည်းပေးသနားတော်မှုပါ....။“တရားဝင်...
အပြည့်အစုံဖတ်ရန်...

ခွဲခွာချိန်

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်(အစကတည်းက)အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...သစ်ပင်တွေ သွေ့ခြောက်အသံတစ်သံကို ကြောက်နေရသလိုလို..အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲသစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...အခုတော့...နွေရာသီ...
အပြည့်အစုံဖတ်ရန်...

ကျိန်ဆဲလိမ့် မယ်

(၁)သံယောဇဉ် အပူတွေနဲ့(ငါ့ကို) နောက်သလို ပြောင်သလိုလာမလောင်ကျွမ်းပါနဲ့ကွယ်...။အငွေ့ပျံပျောက်ကွယ်သွားမှာငါ့ကိုယ်ငါ မစိုးရိမ်ပါဘူး ကောင်မလေးရဲ့ကောင်းကင်မှာ ငွေ့ရည်ဖွဲ့ပြီးမိုးအဖြစ်နဲ့ ပြန်ရွာချတဲ့အခါ....ငါ့ကြောင့်မင်းတစ်ကိုယ်လုံး စိုစွတ်မှာကိုပဲ စိုးတယ်။(၂)အိပ်မက်ဆိုတာကိုယ့်စိတ်ကူးတွေက ကိုယ့်ကို ပြန်ပြောပြတဲ့ ပုံပြင်ပေါ့၊ကောင်မလေးရေ....မင်းရဲ့ လက်သည်းခွံတွေကို...
အပြည့်အစုံဖတ်ရန်...

သက်ဆိုင်သူရေ

ဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်ရေတံခွန်လို ဇောက်ထိုးမဆင်းချင်ဘူး…။အလွမ်းတွေနဲ့စီးဆင်းခဲ့တာတောင်လှောင်ပြောင်ပြီးရယ်ပွဲဖွဲ့ချင်ကြသေး…။မတည်ငြိမ်တာမဟုတ်ရပါဘူးခရီးဆက်နေရသူမို့ပါ…။ကဲ့ရဲ့ခြင်းလေပြင်းတွေမြူဆွယ်ခြင်းကမ်းတုတွေကိုဘယ်တုန်းကမှမမှုခဲ့ဘူး…။ဒါပေမယ့်လေထောင်ထားတာမဟုတ်တဲ့သူ့အပြုံးကွန်ယက်ကိုမှအမှတ်မရှိတဲ့နှလုံးသားကကမ်းအမှတ်နဲ့ခိုဝင်ကြင်နာမှုတွေခံယူချင်သေးသတဲ့..။အပြုံးရှင်ရေဘ၀ကိုတစ်ဆစ်ချိုးခဲ့ပေမယ့်ရေတံခွန်လို...
အပြည့်အစုံဖတ်ရန်...

ကြယ်ခတ်သံ

လက်ထပ်တယ်ဆိုတာ ကြယ်တွေချင်း ထိခတ်သလို "အလင်း"တွေ အမြတ်ထွက်မယ်။ ပြီးတော့....... ကြောက်မက်ဖွယ် ပွတ်တိုက်သံတွေလည်းရှိမယ်။ သဘောထားမတိုက်ဆိုင်တဲ့ လမ်းခွဲခြင်းအချိုးအကွေ့တွေမှာ နှုတ်ခမ်းချင်းတိုးဝှေ့ဖူးတာတွေကို ပြန်သတိရလိုက်ပါ။ အိမ်ထောင်ရေးဟာ မြင်းကိုသံခွာရိုက် ပေးသလိုမျိုး အချစ်ကို သံခွာရိုက်ပေးရတာပေါ့ လမ်းကြမ်းတဲ့တာဝေးခရီးမှာ နှလုံးသားခွာအစုံ စိတ်အမောလ...
အပြည့်အစုံဖတ်ရန်...

တစ်ဘက်သတ်

ကြယ်ကြွေတာလှတယ်ဆိုပေမယ့်ကြွေသွားတဲ့ကြယ်အတွက်ဘ၀ပျက်ခဲ့ရတာပါ....။ဒါကိုပဲသစ်စိမ်းချိုးဆန်ချင်သူတွေကအာမေဋိတ်သံဖွဖွရေရွတ်တတွတ်တွတ်ဆုတောင်းနေလိုက်ပုံများသူတို့နှလုံးသားတွေကတောင်ရှက်နေပြီ....။...
အပြည့်အစုံဖတ်ရန်...

အမေ့ထံသို့အိတ်ဖွင့်ပေးစာ

အတ္တတွေမဟုတ်ပါဘူးအမေဆန္ဒနဲ့မာနတွေတောင်လိုပုံလာလို့ကိုယ်ယုံကြည်ရာကို ဈေးကွက်တင်ရောင်းဘို့အတွက်ဈေးကွက်အရှာထွက်ခဲ့ရသူပါ...။မွဲဆေးစားပြီးမွဲအားကြီးမယ့်ကောင်ရယ်လို့နာကြည်းခြင်းမျက်ရည်တွေဥပေက္ခာလက်နက်တွေနဲ့ရက်ရက်စက်စက်ပစ်ရက်ရင်လည်းမိုက်တွင်းနက်နက်ထဲက သားအတွက်သန်းခေါင်ထက်ညဥ့်မနက်တော့ပါဘူး အမေ...။ဘုံဘ၀သဏ္ဍာန်ကဂုဏ်ပကာသန ဆန်နေတော့ကာရံလေးတွေပဲရှာတတ်တဲ့ ဟောဒီသားကလမ်းမမှားပေမယ့်မျက်စိလည်ရပါပြီ...
အပြည့်အစုံဖတ်ရန်...

ပုံရိပ်မဲ့အလွမ်း

ဝမ်းစာကိုရှာ ရင်ခွင်ဗလာနဲ့လွမ်းလို့......။ တမ်းတတိုင်း မျက်ရည်ကျရရင် ဒီကမ္ဘာမြေတခွင် ရေပြင်ဖြစ်ရချည့်ရဲ့...။ ...
အပြည့်အစုံဖတ်ရန်...

သားချစ်

သားချစ် မင်းကြိမ်လုံးယူလာ ဒီမှာ ဒူးထောက်မတ်တပ်ရပ်စမ်း ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့ ငါတို့အမျိုးတွေပြောတယ် မဟုတ်ဘူး ငါဒီလိုမလုပ်နိုင်ဘူး လူဆိုတာ ရတနာပဲ ဒုလ္လဘတရားနဲ့လူဖြစ်လာတဲ့ သားချစ်ဟာ ငါ့အတွက် ရတနာပဲ ကျောပိုးအိတ်ထဲ ခါးကျိုးအောင် စာအုပ်တွေ အပြည့်အသိပ်ထည့် ခေါင်းငိုက်စိုက်ချ စာချည်းပဲ ကျက်မနေနဲ့ ကွန်ပျူတာတစ်ဂျောက်ဂျောက် ကြိုက်သလောက် နှိပ်လိုက်စမ်း ပြတင်းပေါက်မှန်ကွဲအောင်...
အပြည့်အစုံဖတ်ရန်...

အဖိုးကြီးစစ်တမ်း

အဖိုးကြီး စစ်တမ်း အသက်ကလေးထောက်ခါမှအရက်ခွက်ကလေး တမြှောက်မြှောက်ချက် အောက် စကားတွေ တပြောပြောနဲ့တသောသောနေအမောဖြေတတ်တဲ့ အဖိုးကြီး။သေရိပ်နီးခါမှစိပ်ပုတီး နာနာကိုင်မဟာမြိုင် တောရမှီးပေမဲ့ဒေါသကလဲ ကြီးတတ်သေးရဲ့လောဘမီးကလဲ အရှိန်ဟပ်အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့ငါဟယ် မင်းဟယ်ငြင်းမယ် လို့ မကြံနဲ့မင်းတို့က မမှန်ငါသာလျှင် အမှန်...
အပြည့်အစုံဖတ်ရန်...

ကဖီးဆိုင်

* Posted by ဘုန်းမြင့်ငြိမ်း ရောင်နီလာတိုင်းငါ့ကိုနှိုးတော့အရုဏ်ဦးဆိုတာလည်းရိုးအီလှပေါ့။အလင်းနဲ.အတူရောင်စုံလူများငါ့ရင်ခွင်ထဲဝင်ထွက်လွတ်လပ်။တချို.က...ရှင်သန်ခြင်းတချို.က...အမောပြေတချို.က...သူငယ်ချင်းများစွာတချို.က...ငယ်ချစ်ဦးအားလုံးအတွက် ငါကအဖြည့်ခံ။နေ.တစ်နေ.ချင်းစီရဲ.မွေးဖွားခြင်းနဲ.သေဆုံးခြင်းတွေစောင့်ကြည့်ရင်းငါလည်း တရားကျချင်နေပါပြီ။အမြုတေ...
အပြည့်အစုံဖတ်ရန်...

မိသားစု

မိသားစု မိသားစုဆိုတာ တစ်ယောက်ရှေ့ရောက်ဖို့ တစ်ယောက် နောက်ဆုတ်ရတယ် သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့ သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ် မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ် သံစုံမြည်တယ်။ မိသားစုဆိုတာ လူခြောက်ယောက်ရှိ လူခြောက်ယောက် လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ် အိမ်ရှိလူအကုန်။ လဲကျသွားတဲ့ ငါ့အဖေနေရာကို ငါ့ညီလေးဝင်ခဲ့တယ် ယိုင်နဲ့သွားတဲ့...
အပြည့်အစုံဖတ်ရန်...

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများ

ကျွန် {သို့မဟုတ်} မြန်မာအလုပ်သမားများရှေးရှေးတုန်းကတော့ နယ်ချဲ့တွေကကျွန်ပြုဖို့ ကျွန်တော်တို့ဆီကိုလာတယ် ။ ဒီဘက်ခေတ်မှာတော့ ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ် ။ လူဖြစ်ပေမဲ့....... ရွေးချယ်ပိုင်ခွင့်ကမရှိဘူး အမေရယ် ။ ကျွန်တော့်အဖြစ်က အိပ်မက်ထဲကကမ္ဘာကို ကျွန်ရွာမှသွားရှာမိတဲ့အဖြစ် ။ သေရင်မြေကြီးဆိုတာကတော့မှန်ပါတယ် ရှင်ရင်တော့ မစို့မပို့ငွေလေးက...
အပြည့်အစုံဖတ်ရန်...

No comments:

Post a Comment